‌ရွှေရောင်ခံစားမှုမိတ်ဆက်

လူရယ်လို့ဖြစ်လာရင် ရင်ထဲမှာ ခံစားမှုတွေက ပုံစံအမျိုးမျိုးနဲ့ ကိန်းအောင်းနေတတ်ကြပါ တယ်။ အဲ့ဒီလိုခံစားမှုအမျိုးမျိုးထဲကနေပြီး တစ်စုံတစ်ခုအတွက် အကျိုးရှိမယ့်၊ တန်ဖိုးရှိ မယ့် ခံစားမှုလေးတွေကိုတော့ လူတိုင် တစ်ခုမဟုတ်တစ်ခု ခံစားဖူးကြမယ်၊ ခံစားချင်ကြ မယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကိုယ်ကျင်လည်ရာဝန်းကျင်၊ ကိုယ်နဲ့ဆက်စပ်နေ တဲ့ နယ်နမိတ်တွေရဲ့အဆုံးတင်မကဘဲ ကိုယ့်စိတ်ရဲ့ကျက်စားမှုနယ်ပယ်က ကြီးမားရင် ကြီးမားသလောက်၊ ကျယ်ပြန့်ရင်ကျယ်ပြန့်သလောက် နက်ရှိုင်းတဲ့၊ တန်းဖိုးရှိတဲ့ ခံစားမှု မျိုးတွေ မွေးဖွားလာနိုင်ပါတယ်။ လူတွေကကိုယ့်အတွက်အလုပ်အကိုင်ကောင်း၊ ပတ်ဝန်း ကျင်ကောင်းတွေနဲ့သာမက အားလုံးသောအနေအထားတွေက ကောင်းတဲ့ဘက်မှာ ရှိနေမယ်ဆိုရင် ကိုယ့်အတွက် အားလုံးကရွှေတွေပဲလို့ အားပါးတရရင့်ကျူးမိတတ် ကြပါတယ်။ အလားတူပါပဲ ဒီဘလော့ဂ်မှာ ရင်ထဲက အကောင်းဆုံးခံစားမိသမျှလေးတွေ ကိုမျှဝေပေးနိုင်ဖို့ ရွှေလိုတန်ဖိုးရှိတဲ့ခံစားချက်လေးတွေကို ထပ်တူခံစားနိုင်ဖို့အတွက် သိမိ တဲ့၊ မြင်မိတဲ့၊ ကြားမိတဲ့၊ ကြုံမိတဲ့အရှိလေးတွေကို မျှဝေပေးချင်ပါတယ်။ ရွှေရောင်ခံစားမှု ဘလော့ဂ်လွင်ပြင်ကနေ ကမ်းလင့်ကြိုဆိုပါရစေ.........

**************************************************************

Wednesday, July 23, 2008

ကျွန်တော့ဒုက္ခ

ရုံးတွေ နေပြည်တော်ကိုရောက်ကတည်းကိုက ကျွန်တော်တို့လို Company ၀န်ထမ်းတွေတော့ ဒုက္ခရောက်တော့တာပါပဲ၊ ဘာလို့ လဲဆိုတော့ နေပြည်တော်တစ်ဝက် ရန်ကုန်တစ်ဝက်နေရတော့တာပါဘဲ။ ကူးချည်သန်းချည်နဲ့ပေါ့။ ပျဉ်းမနားမှာရုံးခွဲမရှိသေးတော့ တည်း ခိုခန်းက ငှားနေရသေးတယ။ တည်းခိုခန်း သေးသေးလေးတောင် အခန်းခက အနည်းဆုံး (၄၀၀၀၊ ၅၀၀၀) ပေးရတယ်။ ပြီးတော့မှ တုတ်တုတ်နဲ့ နေပြည်တော်ကိုသွားရတာ။ နေပြည်တော်မှာ ရုံးတစ်ရုံးနဲ့တစ်ရုံးက တော်တော်ဝေးတယ်။ ဆိုင်ကယ် Taxi တက်လိုက်တာ နဲ့ အနီးဆုံးခရီးကို (၅၀၀) ကျပ်လေ။ ကျွန်တော်သွားရတဲ့ရုံးဆို ၁၅၀၀ အမြဲပေးရတယ်။ ဝေးလို့လေ။ စားရတော့လည်း ရုံးတွေမှာရှိတဲ့ ဆိုင်လေးတွေမှာပဲဆိုတော့ အစားဆင်း ရဲတယ်။ စိတ်တော်တော်ညစ်ဖို့ကောင်းပါတယ်။ ဒါတောင်တော်တော်နေသား ကျသွားတာ။ စီးပွား/ ကူးသန်းမှာ လိုင်စင်ကို Online ကနေ ထုတ်ပေးလို့ တော်တော်အဆင်ပြေပါတယ်။ ရန်ကုန်ရုံးတုန်းက လုပ်ရကိုင်ရတာ အဆင် ပြေတာကို အခုမှပဲတန်ဖိုးထားမိတော့တယ်။ Company ၀န်ထမ်းဖြစ်တဲ့ ကျွန်တော်ဟာ သင်တန်းတွေကိုလည်း စိတ်ဝင်စားပြီး အမြဲတက် တယ်။ လူငယ်ဆိုတာ ကိုယ့်ဘာသာ Training အမြဲလုပ်နေရမှာ မဟုတ်လား။ ရန်ကုန်တုန်းကတော့ သင်တန်းတက်ရတာ အဆင်ပြေခဲ့ တယ်။ အခုတော့ မတက်နိုင်တော့ဘူးပေါ့ဗျာ။ ဒုက္ခတွေချည်းပဲ ညည်းပြနေပါလားလို့တော့ မထင်လိုက်ပါနဲ့ဗျာ။ ရင်ထဲမှာ တကယ်ခံစား နေရတာတွေကို ရင်ဖွင့်လိုက်တာပါ။
နောက်မှထပ်ရေးလိုက်အုံးမယ်……………
စာရေးဝါသနာပါတဲ့သူဆိုတော့ ကူပြီးတော့ ခံစားပေးတာကို ကျေးဇူးပဲ ပရိတ်သတ်ကြီးရေ…….

No comments: