‌ရွှေရောင်ခံစားမှုမိတ်ဆက်

လူရယ်လို့ဖြစ်လာရင် ရင်ထဲမှာ ခံစားမှုတွေက ပုံစံအမျိုးမျိုးနဲ့ ကိန်းအောင်းနေတတ်ကြပါ တယ်။ အဲ့ဒီလိုခံစားမှုအမျိုးမျိုးထဲကနေပြီး တစ်စုံတစ်ခုအတွက် အကျိုးရှိမယ့်၊ တန်ဖိုးရှိ မယ့် ခံစားမှုလေးတွေကိုတော့ လူတိုင် တစ်ခုမဟုတ်တစ်ခု ခံစားဖူးကြမယ်၊ ခံစားချင်ကြ မယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကိုယ်ကျင်လည်ရာဝန်းကျင်၊ ကိုယ်နဲ့ဆက်စပ်နေ တဲ့ နယ်နမိတ်တွေရဲ့အဆုံးတင်မကဘဲ ကိုယ့်စိတ်ရဲ့ကျက်စားမှုနယ်ပယ်က ကြီးမားရင် ကြီးမားသလောက်၊ ကျယ်ပြန့်ရင်ကျယ်ပြန့်သလောက် နက်ရှိုင်းတဲ့၊ တန်းဖိုးရှိတဲ့ ခံစားမှု မျိုးတွေ မွေးဖွားလာနိုင်ပါတယ်။ လူတွေကကိုယ့်အတွက်အလုပ်အကိုင်ကောင်း၊ ပတ်ဝန်း ကျင်ကောင်းတွေနဲ့သာမက အားလုံးသောအနေအထားတွေက ကောင်းတဲ့ဘက်မှာ ရှိနေမယ်ဆိုရင် ကိုယ့်အတွက် အားလုံးကရွှေတွေပဲလို့ အားပါးတရရင့်ကျူးမိတတ် ကြပါတယ်။ အလားတူပါပဲ ဒီဘလော့ဂ်မှာ ရင်ထဲက အကောင်းဆုံးခံစားမိသမျှလေးတွေ ကိုမျှဝေပေးနိုင်ဖို့ ရွှေလိုတန်ဖိုးရှိတဲ့ခံစားချက်လေးတွေကို ထပ်တူခံစားနိုင်ဖို့အတွက် သိမိ တဲ့၊ မြင်မိတဲ့၊ ကြားမိတဲ့၊ ကြုံမိတဲ့အရှိလေးတွေကို မျှဝေပေးချင်ပါတယ်။ ရွှေရောင်ခံစားမှု ဘလော့ဂ်လွင်ပြင်ကနေ ကမ်းလင့်ကြိုဆိုပါရစေ.........

**************************************************************

Wednesday, July 23, 2008

Voice Mail အသုံးပြုနိုင်ပြီ

ဟန်းဖုန်းတွေ မအားတဲ့အခါ၊ မကိုင်တဲ့အခါ အချက်အလက်တွေ မှာထားခဲ့နိုင်တဲ့ voice mail ကို GSM၊ CDMA နဲ့ TDMA ဖုန်းတွေမှာ အ သုံးပြုနိုင်ပြီလို့သိရပါတယ်။ Voice mail ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၄ ရက်က စတင်ပြီး ရတနာပုံတယ်လီပို့မှာ စတင်မိတ်ဆက် အသုံး ပြုခဲ့ပါတယ်။ သည် voice mail ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးနဲ့ ITCS ကုမ္ပဏီတို့ ပူးပေါင်း ဝန်ဆောင်မှုပေးတာဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးရဲ့ နောက်ထပ်တိုးလာတဲ့ ဆက်သွယ်ရေးဝန်ဆောင် မှုတစ်ခုပါ။
Voice mail ကို GSM ဖုန်းတွေအားလုံးမှာ အသုံးပြုနိုင်ပေမယ့် CDMA နဲ့ TDMA ဖုန်းတွေမှာတော့ call forward လုပ်ပေးနိုင်တexchange တွေကသာ သည်စနစ်ကို လုပ်ဆောင်ပေး နိုင်မှာ ဖြစ် တာကြောင့် CDMA ဖုန်းဆို ရှိတဲ့အလုံးရေထဲက ၂ဝ ရာခိုင်နှုန်းနဲ့ TDMA ဖုန်း ဆို ၁ဝ ရာခိုင် နှုန်းသာ voice mail ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Voice mail ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင် တပ်ဆင်ခ ကျပ် ၂ဝဝဝ ပေးသွင်းရမှာဖြစ်ပြီး လစဉ်ကြေး အနေနဲ့ ကျပ် ၁ဝဝဝ ကို ဖုန်း ဘီလ်နဲ့အတူ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ Voice mail အသုံးပြုဖို့ စာရင်းသွင်းပြီးရင် ဖုန်းနံပါတ် ၅၅၅ ကိုခေါ်ပြီး ကိုယ့်ရဲ့ဖုန်းထဲ voice mail ဝင်၊ မဝင် စစ်နိုင်ပြီး နောက်ဆိုရင် voice message ရောက်နေတယ်ဆိုတာကို SMS နဲ့ အကြောင်း ကြားမှာဖြစ်ပါတယ်။ Voice mail အနေနဲ့ တစ်လကို message ၃ဝ လက်ခံနိုင်မှာဖြစ်ပြီး ဝင်လာတဲ့ အသံကို နားထောင်ပြီး ဖျက်ပေးရင်တော့ လာသမျှအသံတိုင်းကို လက်ခံနိုင်မှာ ဖြစ်ပါ တယ်။ အသံတစ်ခုရဲ့ လက်ခံချိန်က စက္ကန့်သုံးဆယ် ဖြစ်ပါတယ်။
လောလောဆယ် voice mail သုံးချင်တယ်ဆိုရင် Myanmar Info-Tech က ITCS ကုမ္ပဏီ အဆောင် ၆၊ အခန်း ၂ မှာ ဖုန်းနံပါတ်ပြောပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ ဗိုလ်ဆွန်ပက်လမ်းနဲ့ ဝေဠုဝန်ရှိ မြန်မာ့ ဆက်သွယ်ရေးဌာနမှာလည်း ITCS က ကောင်တာထားပြီး voice mail အတွက် ဝန်ဆောင်မှုပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နယ်က အသုံးပြုချင်သူတွေအတွက် စာတိုက်ကနေတစ်ဆင့် ဆက် သွယ်ပြီး စာရင်းပေးသွင်းနိုင်သလို ရန်ကုန်က အသိတွေကို တစ်ဆင့် သွင်းခိုင်းရင်လည်း ရနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းမျှဝေလိုက်ပါရစေ………..

No comments: