‌ရွှေရောင်ခံစားမှုမိတ်ဆက်

လူရယ်လို့ဖြစ်လာရင် ရင်ထဲမှာ ခံစားမှုတွေက ပုံစံအမျိုးမျိုးနဲ့ ကိန်းအောင်းနေတတ်ကြပါ တယ်။ အဲ့ဒီလိုခံစားမှုအမျိုးမျိုးထဲကနေပြီး တစ်စုံတစ်ခုအတွက် အကျိုးရှိမယ့်၊ တန်ဖိုးရှိ မယ့် ခံစားမှုလေးတွေကိုတော့ လူတိုင် တစ်ခုမဟုတ်တစ်ခု ခံစားဖူးကြမယ်၊ ခံစားချင်ကြ မယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကိုယ်ကျင်လည်ရာဝန်းကျင်၊ ကိုယ်နဲ့ဆက်စပ်နေ တဲ့ နယ်နမိတ်တွေရဲ့အဆုံးတင်မကဘဲ ကိုယ့်စိတ်ရဲ့ကျက်စားမှုနယ်ပယ်က ကြီးမားရင် ကြီးမားသလောက်၊ ကျယ်ပြန့်ရင်ကျယ်ပြန့်သလောက် နက်ရှိုင်းတဲ့၊ တန်းဖိုးရှိတဲ့ ခံစားမှု မျိုးတွေ မွေးဖွားလာနိုင်ပါတယ်။ လူတွေကကိုယ့်အတွက်အလုပ်အကိုင်ကောင်း၊ ပတ်ဝန်း ကျင်ကောင်းတွေနဲ့သာမက အားလုံးသောအနေအထားတွေက ကောင်းတဲ့ဘက်မှာ ရှိနေမယ်ဆိုရင် ကိုယ့်အတွက် အားလုံးကရွှေတွေပဲလို့ အားပါးတရရင့်ကျူးမိတတ် ကြပါတယ်။ အလားတူပါပဲ ဒီဘလော့ဂ်မှာ ရင်ထဲက အကောင်းဆုံးခံစားမိသမျှလေးတွေ ကိုမျှဝေပေးနိုင်ဖို့ ရွှေလိုတန်ဖိုးရှိတဲ့ခံစားချက်လေးတွေကို ထပ်တူခံစားနိုင်ဖို့အတွက် သိမိ တဲ့၊ မြင်မိတဲ့၊ ကြားမိတဲ့၊ ကြုံမိတဲ့အရှိလေးတွေကို မျှဝေပေးချင်ပါတယ်။ ရွှေရောင်ခံစားမှု ဘလော့ဂ်လွင်ပြင်ကနေ ကမ်းလင့်ကြိုဆိုပါရစေ.........

**************************************************************

Wednesday, July 23, 2008

လွတ်အောင်ပြေး မိအောင်ဖမ်းတဲ့သူငယ်ချင်းရေ

လွတ်အောင်ပြေးမိအောင်ဖမ်းဆိုတဲ့စကားဟာတို့ကလေးဘ၀ကစတင်ရင်းနှီးလာခဲ့သလိုအခုလိုအရွယ်ရောက်ပြီးတစ်ဝမ်း တစ်ခါးရှာစားရတဲ့ အခါကျတော့လည်း ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့ အကျွမ်း ၀င်နေပါတယ်။
နေတာကဟိုဘက်နယ်နမိတ်နဲ့ ဒီဘက်နယ်နမိတ်ကူးချည်သန်းချည်နေလို့ရတဲ့ လောကမှာကြီးလာတော့ ဒါပဲစဉ်းစားပြီး ဒါပဲလုပ်ခဲ့တယ်။ လွယ်လဲလွယ်တယ်လေ၊ပညာတတ်ဖို့လည်းသိပ်မလိုဘူး၊ကျွန်တော်လုပ်ရဲရင်ကျွန်တော်စားခဲ့ရသလိုလွှတ်ခဲ့ရတာလည်းရှိတာပေါ့၊ ဒါပေမဲ ကုန်သည်ကြီးတွေကလည်း ကျွန်တော် တို့ပေးလိုက် တဲ့ပစ္စည်းအပေါ် တစ်ခါတစ်လေ အရောက်ပို့တာတောင်မှ အချိတ်အဆက်လွဲပြီး ခံရသေးတယ်ဗျ။နလံမထူနိုင်တဲ့အခေါက်လဲရှိခဲ့ဖူးတယ်၊ဒါပေမဲ့နည်းစနစ်အမျိုးမျိုးနဲ့ကျွန်တော်တို့ဝှိုက်နေကြပေမဲ့မကိုက်ဘူးကျော ချမ်းရ တယ်၊ဒီတော့တစ်ချီရှုံးနှစ်ချီမှာရဲရဲနှင့်ရမ်းရမ်းဆော်ပြီးသယ်ချင်ပေမဲ့လည်းလာမဲ့ကာလတွေမှာ နေရာအရ ရာသီချိန်အခွင့် သာပေမဲလည်း လွတ်အောင်ပြေးမိအောင်ဖမ်းနေတဲ့ ဆရာအစုံနဲ့မတိုးအောင်လှိမ့်လို့မရဖြစ်နေတယ်။ ကြာလေကျဉ်းလေဖြစ်လာပြီ၊ ကျွန် တော်တို့ရဲ့ မျက်စေ့ရှေ့ နားရှေ့မှာပဲအပြောနဲ့အလုပ် အဟုတ်ညီအောင်လုပ်ပြတဲ့ နမူနာတွေရှိနေတော့ မရဲမရဲနဲ့ပဲအခုတွေဝေနေ ရတယ်။ တစ်ဖက် က ပုံစံသစ်ပြင်ပြီး ပီပီပြင်ပြင်လုပ်လာရင် ကျွန်တော်ဆက်တိုးလို့မရနိုင်ဘူးလို့ စဉ်းစားမိတယ်။ အခုလိုအချိန်မှာတော့ မိမိလည်းဆုံး ပစ္စည်းလည်းဆုံး၊ယခုအချိန်မှလမ်းကြောင်းကြပ်နေတယ်လို့ သွားပြီးသတင်းလွှင့်ပေးပါလို့သွားလဲမပြောချင်တော့ဘူး၊ ချောင်နေ တုန်းက ကိုယ်ကငြိမ်နေခဲ့တာကိုး၊ ဒီတော့ လွတ်အောင်ပြေးမိအောင်ဖမ်းနဲ့ မကစားတော့ပဲ သမာအာဇီဝစစ်စစ်နဲ့ရဲရဲတင်းတင်းအိပ်ပျော်တဲ့ အလုပ် ငါတို့ပတ်ဝန်းကျင်မှာမရှားတော့ အလုပ်ပြောင်းပြီး ခရီးဆက်သွားတော့မယ် သူငယ်ချင်းရေ ---------------
ကျွန်တော့ဒုက္ခ

ရုံးတွေ နေပြည်တော်ကိုရောက်ကတည်းကိုက ကျွန်တော်တို့လို Company ၀န်ထမ်းတွေတော့ ဒုက္ခရောက်တော့တာပါပဲ၊ ဘာလို့ လဲဆိုတော့ နေပြည်တော်တစ်ဝက် ရန်ကုန်တစ်ဝက်နေရတော့တာပါဘဲ။ ကူးချည်သန်းချည်နဲ့ပေါ့။ ပျဉ်းမနားမှာရုံးခွဲမရှိသေးတော့ တည်း ခိုခန်းက ငှားနေရသေးတယ။ တည်းခိုခန်း သေးသေးလေးတောင် အခန်းခက အနည်းဆုံး (၄၀၀၀၊ ၅၀၀၀) ပေးရတယ်။ ပြီးတော့မှ တုတ်တုတ်နဲ့ နေပြည်တော်ကိုသွားရတာ။ နေပြည်တော်မှာ ရုံးတစ်ရုံးနဲ့တစ်ရုံးက တော်တော်ဝေးတယ်။ ဆိုင်ကယ် Taxi တက်လိုက်တာ နဲ့ အနီးဆုံးခရီးကို (၅၀၀) ကျပ်လေ။ ကျွန်တော်သွားရတဲ့ရုံးဆို ၁၅၀၀ အမြဲပေးရတယ်။ ဝေးလို့လေ။ စားရတော့လည်း ရုံးတွေမှာရှိတဲ့ ဆိုင်လေးတွေမှာပဲဆိုတော့ အစားဆင်း ရဲတယ်။ စိတ်တော်တော်ညစ်ဖို့ကောင်းပါတယ်။ ဒါတောင်တော်တော်နေသား ကျသွားတာ။ စီးပွား/ ကူးသန်းမှာ လိုင်စင်ကို Online ကနေ ထုတ်ပေးလို့ တော်တော်အဆင်ပြေပါတယ်။ ရန်ကုန်ရုံးတုန်းက လုပ်ရကိုင်ရတာ အဆင် ပြေတာကို အခုမှပဲတန်ဖိုးထားမိတော့တယ်။ Company ၀န်ထမ်းဖြစ်တဲ့ ကျွန်တော်ဟာ သင်တန်းတွေကိုလည်း စိတ်ဝင်စားပြီး အမြဲတက် တယ်။ လူငယ်ဆိုတာ ကိုယ့်ဘာသာ Training အမြဲလုပ်နေရမှာ မဟုတ်လား။ ရန်ကုန်တုန်းကတော့ သင်တန်းတက်ရတာ အဆင်ပြေခဲ့ တယ်။ အခုတော့ မတက်နိုင်တော့ဘူးပေါ့ဗျာ။ ဒုက္ခတွေချည်းပဲ ညည်းပြနေပါလားလို့တော့ မထင်လိုက်ပါနဲ့ဗျာ။ ရင်ထဲမှာ တကယ်ခံစား နေရတာတွေကို ရင်ဖွင့်လိုက်တာပါ။
နောက်မှထပ်ရေးလိုက်အုံးမယ်……………
စာရေးဝါသနာပါတဲ့သူဆိုတော့ ကူပြီးတော့ ခံစားပေးတာကို ကျေးဇူးပဲ ပရိတ်သတ်ကြီးရေ…….
Voice Mail အသုံးပြုနိုင်ပြီ

ဟန်းဖုန်းတွေ မအားတဲ့အခါ၊ မကိုင်တဲ့အခါ အချက်အလက်တွေ မှာထားခဲ့နိုင်တဲ့ voice mail ကို GSM၊ CDMA နဲ့ TDMA ဖုန်းတွေမှာ အ သုံးပြုနိုင်ပြီလို့သိရပါတယ်။ Voice mail ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၄ ရက်က စတင်ပြီး ရတနာပုံတယ်လီပို့မှာ စတင်မိတ်ဆက် အသုံး ပြုခဲ့ပါတယ်။ သည် voice mail ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးနဲ့ ITCS ကုမ္ပဏီတို့ ပူးပေါင်း ဝန်ဆောင်မှုပေးတာဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးရဲ့ နောက်ထပ်တိုးလာတဲ့ ဆက်သွယ်ရေးဝန်ဆောင် မှုတစ်ခုပါ။
Voice mail ကို GSM ဖုန်းတွေအားလုံးမှာ အသုံးပြုနိုင်ပေမယ့် CDMA နဲ့ TDMA ဖုန်းတွေမှာတော့ call forward လုပ်ပေးနိုင်တexchange တွေကသာ သည်စနစ်ကို လုပ်ဆောင်ပေး နိုင်မှာ ဖြစ် တာကြောင့် CDMA ဖုန်းဆို ရှိတဲ့အလုံးရေထဲက ၂ဝ ရာခိုင်နှုန်းနဲ့ TDMA ဖုန်း ဆို ၁ဝ ရာခိုင် နှုန်းသာ voice mail ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Voice mail ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင် တပ်ဆင်ခ ကျပ် ၂ဝဝဝ ပေးသွင်းရမှာဖြစ်ပြီး လစဉ်ကြေး အနေနဲ့ ကျပ် ၁ဝဝဝ ကို ဖုန်း ဘီလ်နဲ့အတူ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ Voice mail အသုံးပြုဖို့ စာရင်းသွင်းပြီးရင် ဖုန်းနံပါတ် ၅၅၅ ကိုခေါ်ပြီး ကိုယ့်ရဲ့ဖုန်းထဲ voice mail ဝင်၊ မဝင် စစ်နိုင်ပြီး နောက်ဆိုရင် voice message ရောက်နေတယ်ဆိုတာကို SMS နဲ့ အကြောင်း ကြားမှာဖြစ်ပါတယ်။ Voice mail အနေနဲ့ တစ်လကို message ၃ဝ လက်ခံနိုင်မှာဖြစ်ပြီး ဝင်လာတဲ့ အသံကို နားထောင်ပြီး ဖျက်ပေးရင်တော့ လာသမျှအသံတိုင်းကို လက်ခံနိုင်မှာ ဖြစ်ပါ တယ်။ အသံတစ်ခုရဲ့ လက်ခံချိန်က စက္ကန့်သုံးဆယ် ဖြစ်ပါတယ်။
လောလောဆယ် voice mail သုံးချင်တယ်ဆိုရင် Myanmar Info-Tech က ITCS ကုမ္ပဏီ အဆောင် ၆၊ အခန်း ၂ မှာ ဖုန်းနံပါတ်ပြောပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ ဗိုလ်ဆွန်ပက်လမ်းနဲ့ ဝေဠုဝန်ရှိ မြန်မာ့ ဆက်သွယ်ရေးဌာနမှာလည်း ITCS က ကောင်တာထားပြီး voice mail အတွက် ဝန်ဆောင်မှုပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နယ်က အသုံးပြုချင်သူတွေအတွက် စာတိုက်ကနေတစ်ဆင့် ဆက် သွယ်ပြီး စာရင်းပေးသွင်းနိုင်သလို ရန်ကုန်က အသိတွေကို တစ်ဆင့် သွင်းခိုင်းရင်လည်း ရနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းမျှဝေလိုက်ပါရစေ………..

Thursday, February 14, 2008

မျက်နှာကြီးမှလား

ကိုသီဟ။ ဟာဆရာကျော် လာဗျာ ထိုင် လက်ဖက်ရည်သောက်..

ကိုကျော်လွင်။ သြော်. ခင်ဗျားကတော့ အေးဆေးပါဘဲလားဗျ.. ဘာသတင်းမှမကြားမိဘူးလား..

ကိုသီဟ။ ဘာသတင်းလဲဗျ.. ထူးထူးခြားခြားမကြားမိသေးပါဘူး။

ကိုကျော်လွင်။ မကြားမိတာဘဲ ခပ်ကောင်းကောင်းဗျို့... ကြားမိရင်ဒေါသဖြစ်နေဦးမယ်..

ကိုသီဟ။ ဆိုစမ်းပါအုံးဗျာ..

ကိုကျော်လွင်။ ဒီနေ့မနက် ပျဉ်းမနားဘူတာမှာ ဗုံးကွဲတယ်လေ..

ကိုသီဟ။ ဟုတ်လား...ဆိုးလိုက်တာဗျာ..

ကိုကျော်လွင်။ ဆိုးတာထက်.. မိုက်ရိုင်းစုတ်ပဲ့တယ်လို့ပြောရင် မလွန်ဘူးထင်တာဘဲ.. စဉ်းစားကြည့်လေဗျာ... ဘူတာမှာရှိနေတဲ့ ခရီးသွားအများစုဟာ အခြေခံ လူတန်းစားတွေပါဘဲ.. ဒီတော့ ဗုံးခွဲသူတွေရဲ့ ပစ်မှတ်ကဘာလဲ။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့အောင်လုပ်ပြီး ပြည်သူတွေကို ငတ်အောင် လုပ်တယ်။ ငတ်လို့မသေ တဲ့ ပြည်သူတွေကို ဗုံးခွဲပြီးသတ်ချင်တာလား..။

ကိုသီဟ။ နောက်တစ်ခုသေချာတာက ဒီလိုဗုံးခွဲတိုက်ခိုက်မှုမျိုးကို လက်ရှိအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုခုကလုပ်တာလို့ ကောက်ချက်ချနိုင်တယ်။ လက်ရှိ အစိုးရကို ဗြောင်တိုက်ခိုက်လို့၊ ဆန့်ကျင်လို့မရရင် ခပ်တုံးတုံးအလွယ်လိုက်တဲ့ ဗုံးခွဲတာကိုပဲလက်လွတ်စပယ်လိုက်ကြတာပဲဗျာ... နောက်ဆုံးတော့ နိုင်ငံရေး၊ စစ်ရေး ဘာမှမသိရှာတဲ့ စားဝတ်နေရေးအတွက် လုံးပမ်းနေကြတဲ့ ပြည်သူတွေပဲ ဓါးစားခံဖြစ်ရတာပဲဗျာ။ အစိုးရအုပ်ချုပ်ရေးယန္တရား မတည်ငြိမ်တာကနောက် တကယ်တမ်းကျီးလန့်စာစား ဒုက္ခရောက်ကြတာက ပြည်သူတွေပဲမဟုတ်လားဗျာ..

ကိုကျော်လွင်။ နောက်ထပ်ဆိုးတာက နိုင်ငံခြားအသံလွှင့်ဌာနတွေနဲ့ နိုင်ငံကြီးအချို့ပဲဗျ... စဉ်းစား ကြည့်လေ.. ကျွန်တော်တို့လို သူတို့သဘောမတွေ့တဲ့ နိုင်ငံငယ်လေးတွေမှာ ဗုံးပေါက် ကွဲမှုတွေဖြစ်တော့ အစိုးရအုပ်ချုပ်မှုညံ့ဖျင်းတယ်လေး၊ လုံခြုံမှုလစ်ဟင်းတယ်လေး၊

ပြည်သူလူထုအတွက်အာမခံချက်မပေးနိုင်ဘူးလေးနဲ့ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြီး အစိုးရကို မတရား ဖိအားတွေပေး ရသမျနည်းလမ်းတွေနဲ့ ပိတ်ဆို့နှိပ်ကွပ်ကြတာလား .. ဗျာ။

ဟော... သူတို့ရဲ့မဟာလန်ဒန်မြို့ကြီးမှာ အကောင်းဆုံးစုံထောက်တွေ၊ အစေ့စပ် ဆုံးလုံခြုံရေး၊ အာမခံချက် အပြည့်ပေးပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ ဗုံးကွဲမှု ဖြစ်တော့ အမလေး.. ကိုယ်ချင်းစာ ကြေကွဲတဲ့ နိုင်ငံတွေများ ပေါ်လာလိုက်ကြတာ ပွက်ပွက်ကိုညံနေတာပဲဗျာ.. ဒီကြားထဲ ဆိုင်ဆိုင်မဆိုင်ဆိုင် တည့်တည့်မတည့်တည့် အသားလွတ်ကြီး ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေ ပို့တဲ့နိုင်ငံတွေကလည်း ဒုနဲ့ဒေး နိုင်ငံလေးတွေမှာဗုံးကွဲမှုတွေဖြစ်ရင် ခွဲတဲ့သူကိုဘာမှမပြောအစိုးရကိုသာမဲပြီး အရသာ ခံမှိုချိုးမျစ်ချိုးပြောတတ်တဲ့နိုင်ငံကြီးတစ်ချို့ဆိုရင် လန်ဒန်ပေါက်ကွဲမှုအတွက် အကြမ်း ဖက်သမားတွေကို ရှုပ်ချတာများ အသံတောင်တုန်လို့ဗျာ...။ ဘီဘီစီ၊ ဗွီအိုအေ ဆိုတာများကလည်း မြန်မာပြည်မှာ ဗုံးကွဲရင် အစိုးရကိုတီး၊ ဗုံးခွဲသူတွေကို သွားကြီးဖြီး ပြီး နိုဗယ်လ်ဆုပေးတော့မလောက်ကိုလုပ်တာ လန်ဒန်မှာလဲကွဲရော အကြမ်းဖက် သမားတွေမကောင်းဘူး မကောင်းဘူးဆိုပြီး အာခေါင်ခြစ်အော်တာ ရင်ကွဲမတတ်ဘဲ သနားဖို့တောင် ကောင်းလိုက်တာဗျာ.. ကျွန်တော်တို့ပြည်သူပြည်သားတွေလည်း လူတွေပါပဲဗျာ... ဗုံးကွဲ ရင် သေတတ်တယ်၊ သေသွားရင် ၀မ်းနည်းရတာပါပဲဗျာ..။ သူတို့နိုင်ငံသားတွေမှလူတွေ၊ထိခိုက်သွားရင် ၀မ်းနည်းစရာကောင်းတာတွေ မဟုတ်ပါ
ဘူးဗျာ။ ဒါမျိုးခွဲခြားတာ ဒီမိုကရေစီတဲ့လားဗျာ.. နိုင်ငံကြီးသားတွေတဲ့လားဗျာ..။ ဒီလိုသာဆိုရင်တော့ ကျွန်တော့်စိတ်နဲ့ ကျွန်တော့်ကိုယ် နိုင်ငံကြီးသားမဖြစ်ရလဲ ကိစ္စ မရှိတော့ပါဘူးဗျာ..။

ဒီတော့က စကားပုံတောင်ပြောင်းရမလိုဖြစ်နေပြီ... '' မျက်နှာကြီးရာ ဟင်းဖတ်ပါ'' မဟုတ်ဘဲ ''နိုင်ငံကြီးရာ ဟင်းဖတ်ပါလို့''... ပြောရရင်တော့ နေကုန်တောင်ပြီးမှာ မဟုတ်ဘူး...သွားတော့မယ်...။

ကိုသီဟ။ ဟ.. လက်ဘက်ရည်သောက်သွားဦးလေ..။

ကိုကျော်လွင်။ တော်ပြီဗျာ..။









ကိုဂျိန်းမီတို့ စဉ်းစားသင့်ပြီ

၁၅-၁-၀၈ နေ့က အခန်းဖော်နဲ့ စကားပြောကောင်းနေတုန်း ကိုပါလေရာကြီး ရေဒီယိုနားထောင်ရင်း ၀င်လာတာနဲ့ media ကနေ တစ် ဆင့်ကြားလိုက်ရတယ်။ အဲဒီမီဒီယာကိုအရမ်းကျေးဇူးတင်သွားတယ်ဗျာ။ အကြောင်းကဒီလိုဗျ။ အဲဒီ မီဒီယာသတင်းမှာ ''ကုန်တင် ကား တွေကို ငွေပေးပြီးသွင်းနေတယ်'' ဆိုတဲ့ သတင်းကြောင့် ပေါ့ဗျာ။ ငယ်ငယ်က အတန်းဖော်တစ်ယောက်ကို သွားသတိ ရမိလို့ပါ။ သူ့ ကို အတန်း သားတွေက medial လို့ နာမည်ပေးထားတယ်လေ။ သူ့ဆီရောက်လာတဲ့ သတင်းမှန်သမျ ဟုတ်နိုင်/မဟုတ်နိုင် စဉ်းစားမနေဘဲ ''ဂျပိုးကို လိပ်ဖြစ်ချင်ဖြစ်ပစေ'' ပြောတတ်လို့တဲ့လေ။ အတော်ကြာတဲ့ အတန်းဖော်တွေ media နဲ့ မှ နှိုင်းရက်ပလေတယ် ဆိုပြီး အရမ်း ကိုကောင်းချီးပေးသတိရမိသေးရဲ့ဗျာ။ နောက်ပြီး ''ဂျပန်လုပ်ဆလွန်းလေးဘီးနဲ့ ခြောက်ဘီးကားတွေထိုင်း နိုင်ငံက နေသွင်း နေတဲ့ အတွက် မြန်မာကျပ်ငွေဈေးတက်နေသေးသတဲ့။'' အလွန်တော်တဲ့ အတွေးအခေါ် ပညာရှင်တွေဘဲဆိုပြီး အိန္ဒိယက ဂျိန်းဘုန်ြး ကီးတွေ ကို သွားသတိရမိရဲ့ဗျာ။ သူတို့ထင်မြင်ယူဆတာ အမှန်ဘဲ ဆိုပြီး လူတွေကြားမှာ ကိုယ်တုံးလုံးကြီး လျောက် သွားနေတာတော့ ရှက်စရာ ကြီးဆိုတာ လူတိုင်းသိကြပါတယ်ဗျာ။ ဘာထူးလို့လဲ ကိုဂျိန်းမီရယ်။ မှန်လား/မှားလားကို မစဉ်းစားနိုင်ဘဲနဲ့များ ကမ္ဘာ့သတင်း လုပ်ငန်း ကြီးလုပ်နေသေးရဲ့။ ပြုလုပ်သူကဂျပန် ရောင်းသူက ထိုင်း၊၀ယ်သူကမြန်မာဒါနဲ့များ မြန်မာငွေဈေး ကတက်ရောဘဲလား။ မြန်မာ့ ပို့ကုန် တွေ မြင့်မားခိုင်မာလာလို့ မြန်မာ့ထုတ်ကုန်တွေကို ပြည်ပမှာဈေးကွက်ကောင်းလာလို့ မြန်မာကျပ် ငွေဈေး တက်လာတယ်ဆိုတာ လူပြိန်းတွေတောင် နားလည်ပါတယ် ကိုဂျိန်းမီ မီဒီယာရယ် အတော်လဲ လုပ်ပါအုန်း။

အခုတလော ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသုံးကားတွေ၊ စက်ပစ္စည်းတွေကို တင်သွင်းခွင့်ပေးနေပါတယ်..။ ကိုဂျိန်းမီရယ်။ ကိုဂျိန်းမီဆိုလို့ ခင်ဗျားကို ဂျိန်းစ်ဘွန်းနဲ့တင်စားခေါ်နေတာမထင်ပါနဲ့အုံး။ ခင်ဗျားတို့ အတွေး အခေါ်တွေက ရှေးကဂျိန်းတွေရဲ့အတွေးအခေါ်လို နောက် ပြန်ဆွဲနေပြီး၊ မမှန်မကန်ဖြစ်နေတာရယ်။ (အချို့မီဒီယာတွေဆိုရင် အများပြည်သူတွေက လူလိမ်လူညာကြီးလို့ မြင်နေကြလို့ သက်သာ အောင် မီတစ်လုံးကိုဘဲ အားနာ ပါးနာအတိုကောက်ယူပြီး ကိုဂျိန်းမီလို့နာမည်ပေးထားတာနော်။ ကိုယ့်နာမည်ကိုလဲ မှတ်ထားအုံး ကို ဂျိန်းမီရေ..။